မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ မြင်းခြံမြို့ သံဃာ့အဖွဲ့ အစည်း အဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ပစ္စည်းလေးပါးဆပ်ကပ်လှူဒါန်း

မြင်းခြံ ဒီဇင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါ၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြင်းခြံမြို့ မင်းကျောင်းတိုက် ဆန္ဒတော်ပြည့်သာသနာ့ ဗိမာန်တွင် မြင်းခြံခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဩဝါဒခံယူပွဲသို့ နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသည့် မြင်းခြံခရိုင် အတွင်းရှိ နိုင်ငံတော်ဗဟိုဝန်ဆောင်၊ သံဃာဝန်ဆောင်ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ နာယက အဖွဲ့ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံမှ ဆရာတော်ကြီးများ စုစုပေါင်း ပင့်သံဃာ(၃၉)ပါး ကြွရောက် တော်မူကြ၍ ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တကေလာသ(မြင်းခြံမြို့ ချောင်းဒေါင်းပရိယတ္တိစာသင်တိုက်)ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများ ရွတ်ဖတ်သရဇ္ဇျာယ် ပရိတ်တရားတော်များကို နာယူကြပြီး မန္တလေး တိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒစရိယ၊ နိုင်ငံတော်သံဃာ့မဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ တိုင်းဒေသကြီး သံဃာ့နာယက ဆရာတော်ကြီး(၄)ပါးတို့မှ ဩဝါဒ ကထာ ချီးမြှင့်တော်မူကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော လျှပ်စစ်စွမ်းအင်နှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ လွှတ်တော်ကိုယ်စားလှယ်များက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်း(၄)မျိုးအား ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးသံဃာ့နာယက ဓမ္မဒီပကျောင်း တန်ဆောင်းကြီးတိုက်ဆရာတော် ဘဒ္ဒန္တဩသဓ အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှအတန်းပေးဝေကြသည်။

ဆက်လက်၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းလိုက်ပြီး ကြွရောက် တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များကို ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများဖြစ်သော လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။                                                

ကျော်စွာ(မြင်းခြံ)