ကျွန်းစု ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ငါးမှုန့်ကြိတ်စက်ရုံလုပ်ငန်းနှင့် ငါးအဆီထုတ်လုပ်ငန်း လုပ်ကိုင်မည်ဖြစ်ရာ စည်ပင်သာယာရေးအဖွဲ့၏ အန္တရာယ်ရှိစေသော လုပ်ငန်းလိုင်စင် ချထားပေးရေး အတွက် ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများက အောင်မြတ်ဖြိုး အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်မှ ငါးမှုန့်ကြိတ်စက်ရုံနှင့် ငါးအဆီထုတ်လုပ်ငန်း လုပ်ကိုင်ရန်အတွက် အန္တရာယ်ရှိစေသော လုပ်ငန်းလိုင်စင် လျှောက်ထားလာမှုအပေါ် ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအား တာဝန်ရှိသူများထံ ညွှန်ကြားခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)