ခိုင်ကမ်းမြို့ရှိ မသန်စွမ်း ၅၀ ဦးအတွက် အာဟာရဆန်များ ထောက်ပံ့လှူဒါန်း

ခိုင်ကမ်း  ဒီဇင်ဘာ ၂၀

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် ဌာနေအမျိုးသမီးများ ကွန်ယက်ဦးဆောင်မှုဖြင့် ၂၀၂၀ ပြည့်နှစ် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့အတွင်း ရပ်ကွက်လေးခုမှ မသန်စွမ်း ၅ဝ ဦးအတွက် အာဟာရဆန်များ လက်ဝယ်အရောက် ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြသည်။

အဆိုပါအာဟာရဆန်များကို ရန်ကုန်အခြေစိုက် Denture Organization မှ တာဝန်ခံ ဒေါ်ဉာဏ်မွန်းကျိန်က မသန်စွမ်းသူများအတွက် အာဟာရဆန် တစ်ထုတ်လျှင် 375 kg ပါ အထုပ်၊ တစ်ဦးလျှင် အထုပ်(၂၀) စီ ပေးပို့လှူဒါန်းခဲ့ပြီး ခိုင်ကမ်းမြို့ အခြေစိုက်  WIN(Women of Indigenous Network) မှတာဝန်ခံ ဒေါ်ဝုန်ဆွင်းဒိမ် ဦးဆောင်ကာ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)