မြန်အောင်မြို့နယ်တွင် ကျွန်းစိုက်ခင်းဧက၃၀၀အောင်မြင်ခြင်း အထိမ်းအမှတ်‌အခမ်းအနား ကျင်းပ

မြန်အောင်ဒီဇင်ဘာ၂၀

မြန်မာနိုင်ငံသစ်တောများပြန်လည်ထူထောင်ရေးစီမံကိန်းအရ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာန က၂၀၂၀ ပြည့်နှစ်မိုးရာသီတွင် အကောင်အထည်စိုက်ပျိုးခဲ့သော စီးပွားရေးကျွန်းစိုက်ခင်းဧက၃၀၀ စိုက်ပျိုးအောင်မြင်ခဲ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မျှင်ဝါး တောင်ကြိုးဝိုင်းအကွက် အမှတ်(၃၄)ရှိအဆိုပါစိုက်ခင်းရှင်းလင်းဆောင်တွင်ကျင်းပသည်။

အဆိုပါအောင်ပွဲအခမ်းအနားတွင် မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ် က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်‌‌‌ထောင်ထိန်းသိမ်း‌‌ရေးကို နိုင်ငံတော်အစိုးရက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ  (၁၀)နှစ်စီမံကိန်းချမှတ် အကောင်အထည်ဖော်လျက်ရှိရာ ဌာန၀န်ထမ်းများသာမက ဒေသခံများ၏ စုပေါင်းအင်အားများဖြင့်ပူး‌ပေါင်းဆောင်ရွက်မှု‌များ‌ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးလျော့နည်း ခဲ့ရသည့် သစ်တောများ‌နေရာတွင်ပြန်လည် အစားထိုးထိန်းသိမ်းလာနိုင်ပြီး အောင်မြင်မှုရှိလာသဖြင့် သက်ဆိုင်ရာတာဝန်ရှိ ၀န်ထမ်းများနှင့် ဒေသခံများ ကိုကျေးဇူးတင်ရှိပါ‌ကြောင်းနှင့် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခြင်း ထူထောင်းခြင်းလုပ်ငန်းများကို ဝိုင်း၀န်းဆောင်ရွက်သွားကြရန်တိုက်တွန်း‌ေပြာ ကြားသည်။ 
ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးသန်းဌေးက သစ်တောများပြန်လည်တည်ထောင် ထိန်းသိမ်း‌ရေးဆောင်ရွက် လျက်ရှိသည့်အ‌ ခြေအနေ များကိုရှင်းလင်းတင်ပြသည်။
ထို့နောက် ၀န်ထမ်းများ၊သစ်တောစိုက်ခင်းအတွင်း သစ်တောထိန်းသိမ်းခြင်းနှင့်အတူ တောင်ယာ လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် လုပ်သားများအား သစ်တောဦးစီးဌာနက‌ေပးအပ်သည့် လက်ဆောင်ပစ္စည်းများအားလွှတ်တော်ကိုယ်စားလှယ်များနှင့် တာ၀န်ရှိသူများ ကပေးအပ်ချီးမြှင့်ခဲ့‌ကြသည်။
မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ သစ်တောများပြန်လည် တည်ထောင်ရေး စီမံကိန်းစီမံကိန်းဖြင့် စီးပွားရေးကျွန်းစိုက်ခင်းဧက ၃၀၀ ကို စတင်စိုက်ပျိုးခဲ့ပြီး၊၂၀၁၈ ဘဏ္ဍာနှစ်တွင်ဧက ၄၀၀ နှင့်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ဧက ၃၀၀၊၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧက ၃၀၀ တို့ကိုစိုက်ပျိုးအောင်မြင်ခဲ့ပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဧက ၃၅၀ ဆက်လက်စိုက်ပျိုးသွားရန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထွန်းဇော်ထွန်း(မြန်မာစာ)