ကာလိ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၊ ဝမ်ဆတ်ကျေးရွာ ဆောင်းသီးနှံပဲ ပုပ်စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း ထောက်ပံ့ရေး မျိုးစေ့နှင့် မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကာလိမြို့ စိုက်ပျိုးရေးဦးစီး ဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာအုပ်စုစာရေး ဦးဝေလင်းထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇာကလတို့က ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးက တောင်သူဦးစီးများထံသို့ စိုက်ပျိုးရေး ဆိုင်ရာအသိပညာပေးခြင်း၊ မြေသြဇာအသုံးပြုမှုဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးခြင်းများ ဟောပြောပေးခဲ့သည်။ ဆက်လက်၍ ဆောင်းသီးနှံပဲပုပ်စံပြကွက် စိုက်ပျိုးသည့် တောင်သူများအား ရွေတောင်တန်း ဂျစ်ပဆန် သဘာဝ ကျောက်မှုန့်မြေသြဇာများမှ အကျိုးပြုအာနိသင်များ၊ သုံးစွဲရန်အညွန်း နှင့် သုံးစွဲသင့်သော သီးနှံများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပဲပုပ်မျိုးစေ့များ၊ အာဟာရဖြည့်စွက်ထားသော ဂျစ်ပဆန် သဘာဝကျောက်မှုန့် မြေသြဇာများ တောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)