တံတားဦး ဩဂုတ် ၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ငါးရာပြားကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက ငါးရာပြားကျေးရွာအနီး ရေသန့်စက်ရုံ၌ ကျင်းပသည်။
ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ငါးရာပြားကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် MJAS ကုမ္ပဏီမှ တာဝန်ရှိသူများက အားပေးစကားပြောကြားပြီး ကြက်ဥ (၂၀၀) လုံး၊ ခြောက်လုံးပါရေသန့်ကဒ် (၄၀) ကဒ်၊ ပေါင်မုန့် (၃၀၀) ထုပ်၊ ယံယံ (၁၀၀) ထုပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာရှိပြည်သူများကို ကျေးရွာရပ်မိရပ်ဖများနှင့်ညှိနှိုင်းပြီး စနစ်တကျခွဲဝေပေးမည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ဦးထံမှ သိရှိရပြီး တံတားဦးမြို့နယ်အနေဖြင့် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ရသည့် ရေဘေးရှောင်ကျေးရွာအုပ်စုများမှာ ခေါင်းကွဲကျေးရွာအုပ်စု၊ ငါးရာပြားကျေးရွာအုပ်စု၊ ဘလဲ့ဘကျေးရွာအုပ်စု၊ မြေငူကျေးရွာအုပ်စု၊ ဇီးပင်ကွေ့ကျေးရွာအုပ်စု၊ ဥတည်ကျေးရွာအုပ်စု၊ တပယ်ကျေးရွာအုပ်စု၊ ပန်းယျကျေးရွာအုပ်စု၊ ဈေးချိုကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ ပေါက်မြိုင်ကျေးရွာအုပ်စု၊ လက်ပန်ဇင်ကျေးရွာအုပ်စု၊ ဟံသာဝတီကျေးရွာအုပ်စု၊ လက်ဆောင်ယူကျေးရွာအုပ်စု၊ အမှတ် (၂) ရပ်ကွက်တွင်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)