မဘိမ်း ဒီဇင်ဘာ ၂၀
နိုင်ငံတော်အစိုးရမှ ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးတော်ဆောင်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေး အပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာ ရှင်ပင်ဆွဲလွဲဓမ္မာရုံ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းက မဘိမ်းမြို့နယ်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံပြီး စီးပွားရေးကိုဖော်ဆောင်နေသော မြို့နယ်ဖြစ်သည် နှင့်အညီ မိုးသီးနှံနှင့်ဆောင်းသီးနှံ မျိုး စေ့ထုတ်တောင်သူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား အဆင်ပြေစေရန်အတွက် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို ယနေ့တွင်လည်း ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးတောင်ဆောင် တောင်သူများအား ဂျစ် ပဆန် သဘာဝမြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဆောင်းသီးနှံစံပြကွက်စိုက်ပျိုးသည့် အကျိုးတော်ဆောင်တောင်သူ(၂၅)ဦးအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက ဂျစ်ပဆန်သဘာဝမြေဩဇာအိတ်များ တစ်ဦးလျှင် (၂)အိတ်နှုန်းဖြင့် အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)