တပ်ကုန်း ဒီဇင်ဘာ ၂၀
နေပြည်တော် တပ်ကုန်းမြို့နယ်တွင် လူငယ်ရေးရာမူဝါဒနှင့်မဟာဗျူဟာမိတ်ဆက်ခြင်း အခမ်း အနားကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေး ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်တို့က အဖွင့်အမှာ စကားပြောကြားပြီးနောက် နေပြည်တော်လူငယ်ရေးရာ ကော်မတီအတွင်းရေးမှူး ကိုဝေယံထွန်း၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ ပြည်ထောင်စုကိုယ်စားလှယ် ကိုမျိုးသူစိုး တို့က လူငယ်ရေးရာ မူဝါဒများ၊ (၂၀၂၀-၂၀၂၄)မဟာဗျူဟာလုပ်ငန်းစီမံချက်များအား ရှင်းလင်း ပြောကြားခဲ့ သည်။
အဆိုပါအခမ်းအနားသို့ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်လှိုင်မိုးမြတ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်နှင့် လူငယ်ရေးရာကော်မတီ ကိုယ်စားလှယ်များ၊ အဖွဲ့ဝင်များတက်ရောက်၍ အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်