ရမည်းသင်း ဩဂုတ်၁၈
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အပတ်စဉ် တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေးလှုပ်ရှားမှုအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရမည်းသင်းမြို့မဈေးကြီးအတွင်း ဆောင်ရွက်သည်။
တိုင်းဒေသကြီးအတွင်းသန့်ရှင်းသာယာလှပရေး တနင်္လာနေ့တိုင်း (Monday Stop)ပလပ်စတစ် ကြွပ်ကြွပ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာဌာနများ ၊ကျောင်းသား လူငယ်များ၊ လုပ်ငန်းရှင်များ၊လူမှုရေး အသင်းအဖွဲ့များနှင့်ပြည်သူလူထု အားလုံးပူးပေါင်း၍ ပလပ်စတစ်အစားထိုး အိတ်များနှင့် လက်ကမ်းစာစောင်များဖြန့်ဝေကာ ပြည်သူလူထုအား အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)