သိန္နီ ဒီဇင်ဘာ ၂၀
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယနေ့နံနက်ပိုင်းက သိန္နီကွမ်းလုံလမ်းခွဲ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းမင်းသစ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာ၀န်ခံ ဦးသန်းထွန်း တို့ဦးဆောင်၍ ပူးပေါင်းအဖွဲ့၀င်(၅)ဦးတို့က လမ်းသွား လမ်းလာခရီးသွားပြည်သူများအား (Mask Campaign)ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ(MaskCampaign)တွင် နေအိမ်ပြင်ပသို့သွားလာရာတွင် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြစေရေး အတွက် အသိပညာများပေးခြင်း၊ နှာခေါင်းစည်း (Mask)များနှင့် မျက်နှာကာ (FaceShield)များ တပ်ဆင်သွားလာကြစေရေး၊ ကိုဗစ်၁၉ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေး အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်သည့်အနေဖြင့်(Mask Campaign) ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးချို( ပြန်/ဆက်)