ပျော်ဘွယ် ဩဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ပျော်ဘွယ်မြို့ရှိ အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေးလုပ်ငန်းနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) အသုံးပြု၍ မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အသေးစားသဘာဝမြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းတွင် မြေဩဇာထုတ်လုပ်နေမှုကိုကြည့်ရှုအားပေးကာ ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားနိုင်ရေးဆွေးနွေးပြီး လုပ်ငန်းရှင် ဦးဇော်ဇော်ဝင်းက ထုတ်လုပ်မှုနှင့် ဈေးကွက်အတွင်း ဖြန့်ချိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဆားတောင်ကျေးရွာ၊ တောင်သူ ဦးအုန်းမောင် ကွင်းအမှတ်(၃၃၈-က)၊ လယ်မြေတွင် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကိုကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ စပါးအထွက်နှုန်းကောင်းမွန်ရေး၊ လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)