မြစ်သား သြဂုတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းကို ယနေနံနက်ပိုင်းက အဆိုပါရုံး၌ စာအုပ်ပြပွဲနှင့် မူးယစ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ရှိန်မြင့်မားရေးဆီသို့ ဦးတည်ဆောင်ရွက်ပေးနိုင်စေရန်၊ စာကောင်းပေမွန်များကို ရှာဖွေဖတ်ရှုနိုင်စေရန်၊ အတွေးအခေါ်တိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက စာအုပ်၊ စာစောင်ပြပွဲအကြောင်းကို ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များအား မူးယစ်အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)