မိုင်းပျဉ်း ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်တွင်းစည်ပင်သာယာလှပရေးလုပ်ငန်းများ ၊ပြည်သူများ သွားလာမှု လွယ်ကူစေရေးနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်းများအား အဆင့်မြှင့်တင်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၄၅)သိန်းဖြင့် နဝေဒေးလမ်းအား အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မရှိသော နဝေဒေးလမ်းမြေသားမှ ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ဒီဇင်ဘာလ(၈)ရက်နေ့က မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် (၄၀) ရာခိုင်နှုန်းပြီးစီး၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ဒုတိယ) သုံးလပတ်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိဦးစိန်ဝင်းထံမှ သိရသည်။
မေမွန်ထွဋ်၊ ပြန်/ဆက်