တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး

တာလေ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် စစ်ဆေးရေးဂိတ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများသည် ယမန်နေ့တွင် တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ နေ့စဉ် နံနက်နက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖြတ်သန်းဝင်ရောက်လာသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် စီးနှင်းလိုက်ပါလာသော ခရီးသည်များအား ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ခရီးသွားထောက်ခံချက်၊ ရောဂါကင်းရှင်းကြောင်း ဆေးထောက်ခံချက်များ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်း ရေးသွင်းခြင်း များ အပြင်ကိုယ် အပူချိန်တိုင်းခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် အလေးထားလိုက်နာရေးအသိပညာပေးခြင်းနှင့် Mask များကိုအခမဲ့ တပ်ဆင်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ  မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်၍ ရောဂါကြိုတင် ကာကွယ်ရေးနှင့် ပူးပေါင်းစစ်ဆေးရေးအတွက် ဖွဲ့စည်းတာဝန် ပေးအပ်ထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လောကပါလ ပရဟိတလူမှုကူညီရေး အသင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် နေ့စဉ်အလှည့်ကျ စနစ်ဖြင့် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                         

အောင်ကျော်မိုး (ပြန်/ဆက်)