ပြင်ဦးလွင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး

ပြင်ဦးလွင် ဩဂုတ် ၁၉

လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့‌ နံနက်၉နာရီခွဲက ဆေးတလုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဦးကျော်မင်းဦးက  ဟောပြောပွဲရည်ရွယ်ချက်များ  ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်ကြူကြူက“လူငယ်‌ရေးရာသိမှတ်စရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာစာပေယဥ်‌ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာကိုရွှေအောင်သင်းက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောသည်။ ထို့နောက် မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ အဖွဲ့ဝင် ဦးဟိန်းမင်းဦးက မုဒိတာစကားပြောကြားသည်။

ထို့နောက် ဟော‌ပြောဆွေးနွေးချက်များကို ကျောင်းသား/ကျောင်းသူများအား မေးမြန်းဖြေကြားသည်။ အဆိုပါ မေးမြန်းချက်များ ပြန်လည်ဖြေကြား‌ ပေးခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက်  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား နံရံကပ်စာစောင်များ ၊သုတ၊ရသစာအုပ်၊စာစောင်များ ခင်းကျင်းပြသ‌သည်။  

သွေးသွေး(ခရိုင်/ပြန်ဆက်)