သိန္နီမြို့နယ်တွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

 သိန္နီ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်နှင့်၀န်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးမိုင်းညွန့်လှိုင်တို့ ပါ၀င်သော ပူးပေါင်း အဖွဲ့သည် သိန္နီမြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်များအနေဖြင့် ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့် (Take away)ဖြင့်သာ ရောင်းချခွင့် ပြုထားရာ မြို့ပေါ်ရှိကျန်းမာရေး စစ်ဆေးမှု(A)အဆင့်ရရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည် ရောင်းချခွင့်ပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Version(2.0) ပါ ညွှန်ကြားချက် အတိုင်း သိရှိလိုက်နာဆောင်ရွက်ရန်နှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကွင်းဆင်း စစ်ဆေး အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ဖိုးချို (ပြန်/ဆက်)