ကျောက်ဆည် ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် ရေရရှိမှုနည်းလမ်းအလိုက် မိုးစပါးများကို ၅၂၈၁၇ လျာထားစိုက်ပျိုးလျက်ရှိရာ ၄၂၆၄၇ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ထိုသို့ မိုးစပါးများစိုက်ပျိုးရာ၌ စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု၉အုပ်စု၊ ကွင်းပေါင်း ၃၅ ခုတွင် ၄၁၂၅ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု ၁၈ အုပ်စု၊ ကွင်းပေါင်း၃၇ခုတွင် ၈၈၆၄ ဧက၊ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကွင်းပေါင်း ၃၂ ခု တွင် ၄၉၈၅ ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု ၁၅အုပ်စု၊ ကွင်းပေါင်း၃၆ခုတွင် ၈၅၃၈ ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ၁၁အုပ်စု၊ ကွင်းပေါင်း၃၆ခုတွင် ဧက ၈၄၄၀၊ သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကွင်းပေါင်း ၄၅ ခုတွင် ၇၆၉၅ ဧက စုစုပေါင်း ၄၂၆၄၇ ဧက လျာထားစိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများစိုက်ပျိုးရာ၌ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ဧရာမင်း၊ မနောသုခ၊ ရွှေမနာ်၊ အောင်နိုင်တိုး၊ Gw-11 စပါးမျိုးများ အဓိကထားစိုက်ပျိုးကြပြီး ဧရာမင်း ၄၂၃၀၂ ဧက၊ မနောသုခ(၂၅၅)ဧက၊ ရွှေမနော်(၇၅)ဧက၊ အောင်နိုင်တိုး ၁၅ဧက စုစုပေါင်း ၄၂၆၄၇ ဧက စိုက်ပျိုးပြီး ကြောင်းနှင့် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာဦးစီးဌာနများမှ မျိုးစေ့များ၊ စိုက်နည်းစနစ်များနှင့် စိုက်ပျိုးရေများ လုံလောက်စွာပေးဝေဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)