တံတားဦး ဩဂုတ် ၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက်နေ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်သည့် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သည့် သင်းတိမ်း ကျေးရွာအုပ်စု အေးစွကျေးရွာလမ်း မြေသားတင်ခြင်းလုပ်ငန်းကို ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည် ။
အဆိုပါလမ်း ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများ ၊ ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်သည့် ကော်မတီဝင်များ ပါဝင်ကြသည်။ သင်းတိမ်းကျေးရွာအုပ်စု အေးစွကျေးရွာ လမ်း မြေသားတင်ခြင်း၏ လမ်းအရှည် ၂၆၃၅ ပေ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၆လက်မဖြစ်ကြောင်း ၊ ခွင့်ပြုငွေကျပ် (၁၀)သန်းဖြစ်ပြီး ထိုကျေးရွာတွင် အိမ်ခြေ(၁၄၂) အိမ်နှင့်လူဦးရေပေါင်း(၆၆၂)ဦးရှိပါကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောဇော်ဝင်းထွန်း ထံမှသိရသည် ။
တံတားဦးမြို့နယ်အနေဖြင့် Cash For Work စီမံကိန်းကျေးရွာ(၁၀)ရွာဖြစ်ပြီး ၊ ကျေးရွာ မတည်ရန်ပုံ ငွေ(VRFP) စီမံကိန်း ကျေးရွာ(၈)ရွာဖြစ်ကြောင်း ၊ အဆိုပါစီမံကိန်းလုပ်ငန်းတိုင်း အကောင်အထည်ဖော်ဆောင်ရွက်မှုသည် သုံးလအတွင် အပြီးဆောင်ရွက်ရ မည်ဖြစ်ကြောင်း ၊ Cash For Work စီမံကိန်းသည် ကိုဗစ်-၁၉ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့် လုပ်အားခများကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးမှ ပြောပြသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)