ချမ်းအေးသာစံ၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ  သြဂုတ် ၁၉

ကျောင်းသားလူငယ်များ ဥာဏ်ရည်မြင့်မားစေရန်နှင့် ကျန်းမာရေးဗဟုသုတများရရှိစေရန်အတွက်ရည်ရွယ်ကာ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်တွင် “ကျန်းမာပညာ ပြည့်စုံဖို့ အာဟာရကိုမြှင့်တင်စို့”ခေါင်းစဥ်၊ အခြေခံပညာအလယ်တန်းအဆင့်တွင် “သံဓာတ်ကြွယ်မှ ကျန်းမာရ (၅)စုအာဟာရ” ခေါင်းစဥ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။  စာစီစာကုံးပြိုင်ပွဲတွင် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝါဝါကျော်ထံမှ သိရသည်။

ချမ်းမြေ့မောင်