မိုင်းယု ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါ ဖြစ်ပွားမှု နှုန်းလျှော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ဘဲ လမ်းသွားလမ်းလာပြည်သူများကို အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ်စစ်ဆေးမှုများကို မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ ဆက်လက်ဆောင်ရွက်နေလျက်ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရေး ဆော်ဩပညာပေးစစ်ဆေးရေးအဖွဲ့(၁)က ရက်ခြားသတ်မှတ်၍ နံနက်ပိုင်းအချိန်တွင် ခရီးသွား ပြည်သူများ၊ ဈေးရောင်း/ဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း မတပ်ဘဲ သွားလာပါက အခုဝယ်၊ အခုတပ်စနစ်ဖြင့် အောက်တိုဘာလဆန်းပိုင်းက စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများနှင့်အညီ ဆက်လက်ကြပ်မတ်စစ်ဆေး ပညာပေးခြင်းများပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)