ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၉)ဦး တွေ့ရှိ

ပြင်ဦးလွင်  ဒီဇင်ဘာ ၂၁

ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့သူများအား ဒီဇင်ဘာ၂၀ ရက်နေ့တွင်  စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၃)ဦး၊ ကလေးငယ်တစ်ဦး စုစုပေါင်း (၉)ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့   အဖြေ ထွက်ရှိကြောင်းသိရသည်။

အဆိုပါပိုးတွေ့သူများမှာ ရပ်ကွက်ကြီး၂၁ မိုးကြိုးကွက်သစ် နေအမျိုးသား(၁) ဦး ၊ညောင်ကုန်း ကျေးရွာ နေအမျိုးသမီး၊ (၁) ဦး ၊ ပွေးတောင်ကျေးရွာနေ အမျိုးသား(၄) ဦး ၊ အမျိုးသမီး(၂) ဦး ၊အသက် (၇)လအရွယ်  ကလေးငယ် (၁) ဦး တို့ပါဝင်ကြောင်းသိ ရပြီး ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများအား  ပြင်ဦးလွင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်၍ ကုသမှုခံယူမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြင်ဦးလွင်မြို့တွင် ပိုးတွေ့သူများနှင့် ဆက်စပ်ထိစပ်မိသူ များလာသောကြောင့် ကျန်းမာရေး လမ်းညွန်ချက်များကို ဂရုပြုလိုက်နာ နိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦး စီးဌာနရုံးမှသိရသည်။

မြတ်ဆုမွန်