မိုးမိတ်မြို့ နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်ဦးထပ်မံတွေ့ရှိ

 

မိုးမိတ်  ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် Facility Quarantine ထားရှိသော စောင့်ကြည့် လူနာ(၇၅)ဦးနှင့်Covid-19 ရောဂါပိုးတွေ့လူနာနှင့်ထိတွေ့မှုရှိသည်ဟု ယူဆရသူ Primary contact (၄၅) ဦးတို့၏ Nasopharyngeal Swab & Oropharyngeal Swabs နမူနာစုစုပေါင်း(၁၂၀)ခုအားViral Transport Media ဖြင့် ဒီဇင်ဘာ (၁၃ ရက် ၁၄ ရက်နေ့ )တို့တွင် ရယူကာ Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန မန္တလေးမြို့သို့ ပေးပို့စစ်ဆေးခဲ့ရာ (၁၁၉)ဦးတွင် Covid-19 ရောဂါပိုး မတွေ့ ရှိကြောင်းနှင့် ဝဲပေါင်(လီဆူ)ရွာ ဦးငွားဆီး (ရောဂါပို့တွေ့လူနာ မငွားမလေး၏ ဖခင်ဖြစ်သူ) တွင်သာ Covid-19 ရောဂါပိုး တွေ့ရှိရကြောင်းသိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူ ဦးငွားဆီးအား ဒီဇင်ဘာ ၉ ရက်နေ့တွင် ပထမအကြိမ် Covid-19 Antigen test(RTD)ဖြင့် စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိခဲ့ရသော်လည်း ဒီဇင်ဘာ  ၁၄ ရက်နေ့ တွင် Nasopharyngeal Swab & Oropharyngeal Swabs များရယူကာ မန္တလေးမြို့သို့ ပို့ဆောင် စစ်ဆေးခဲ့ရာမှ ရောဂါပိုးတွေ့ရှိ ကြောင်းသိရဖြင့် ဦးငွားဆီးနှင့် ထိတွေ့ခဲ့သူများအား ကျန်းမာ ရေးနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ စုံစမ်းရှာဖွေ၍  ပိုးတွေ့သူအိမ်တွင် ရေသွား ခပ်ပြီး စကားပြောခဲ့သူ တစ်ဦးနှင့် တွင်းငယ်ပိုးတွေ့သူအိမ်သို့ သွားလည် ခဲ့သော ကျောက်မော ရွာတွင် နေထိုင်သူနှစ်ဦးတို့အား ပထမအကြိမ် Covid-19Antigen test (RTD)ဖြင့် စစ်ဆေး ခဲ့ရာ ရောဂါပိုးမတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မိုးမိတ်မြို့တွင် ယနေ့အထိ Covid-19 ရောဂါပိုးတွေ့ရှိသူ (၄)ဦး ရှိပြီး တစ်ဦးမှာ ဆေးရုံ ဆင်းခွင့် ရရှိကာ ကျန်(၃)ဦးမှာ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန် လျက်ရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)