ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်တွင် ပြည်တွင်းခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြား

ဒီးမော့ဆို ဩဂုတ် ၄

အစိုးရရုံးပိတ်ရက် လေးရက်တာကာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆို မြို့နယ် ငွေတောင်ဆည်တွင် ပြည်တွင်း ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြား လျက်ရှိကြောင်း သိရ သည်။

ယခင်က ငွေတောင်ဆည် အပါအဝင် ကယားပြည်နယ်အတွင်းရှိ အထင်ကရနေရာများ၌ ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးနိုင်ရန်အတွက် လာရောက်လည်ပတ်ခွင့် ပိတ်ထားခဲ့ပြီး ယခု အခါ အဆိုပါနေရာများအား လည်ပတ် ခွင့် ပြန်လည်ဖွင့်လှစ်သည့်အတွက် အစိုးရရုံးပိတ်ရက် လေးရက် အတွင်း အနယ်နယ်အရပ်ရပ်မှ ပြည်တွင်းခရီးသွား ပြည်သူများ လာရောက် လည်ပတ်မှု များပြားခြင်းဖြစ် သည်။

ငွေတောင်ဆည်သို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းခရီးသွားပြည်သူများသည် ဆည်ကန် ၏ သဘာဝ အလှအပကို ကြည့်ရှုခံစားခြင်း၊ ဒေသခံတိုင်းရင်းသူများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်း၊ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ ဓာတ်ပုံရိုက်ကူး ခြင်း၊ ဆင်အပျော်စီးခြင်း၊ ရိုးရာ အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်းများ ဆောင်ရွက်ကြသည့်အတွက် ဒေသခံပြည်သူများ အပိုဝင်ငွေရရှိစေကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)