ဗန်းမော်ခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတား (၂) စင်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ဗန်းမော်  ဒီဇင်ဘာ ၂၁

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်းကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဗန်မော်ခရိုင်၊ နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား (၂) စင်း တည်ဆောက်နေမှုအား ယမန်နေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် နတ်ခုတ်ကျေးရွာ၊ ဆင်စွယ်ချောင်းနှင့် ဗူးတောင်ကျေးရွာအနီး ကံကော်ချောင်းတွင် တည်ဆောက် နေသည့် သံကူကွန်ကရစ်တံတား အရှည်ပေ (၄၀) အကျယ် (၁၄) ရှိ တံတား (၂) စင်းတည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တံတား တာဝန်ခံများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများ၊ ရည်ရွယ်ချက် များနှင့် ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ တံတား (၂) စင်း ဆောက်လုပ် ပြီးစီးပါ ကျေးရွာပေါင်း (၁၈) ရွာ၊ အိမ်ထောင်စုပေါင်း (၁၆၉၄) စုတို့အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အမြန်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သိန်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သင်း (ခ) ဦး‌ဇော်သင်း၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ယော်ဆောင်(ပြန်/ဆက်)