ဟင်္သာတမြို့နယ် ဒူးယါးမြို့၌ ကိုဗစ်-၁၉ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်

ဟင်္သာတ  ဒီဇင်ဘာ ၂၁

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ပြုလုပ်နေကျဖြစ်သည့် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့်အတူ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က လူစည်ကားများပြား သွား/လာ ကြသည့် လမ်းမကြီးနှင့် စျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒူးယားမြို့ ဗိုလ်မြတ် ထွန်းလမ်းမပေါ်နှင့် ဒူးယားမြို့ စည်ပင်သာယာစျေးအတွင်း Mask စနစ်တကျ တပ်ဆင်စေရေး အသိပညာပေးခြင်းနှင့် Mask များ (အခမဲ့) ဝေငှ ပေးခြင်းတို့ကို ဒူးယားမြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာ ရေးဌာနမှ သူနာပြုဆရာမများ၊ ပညာရေးဌာနမှ ဆရာမများ၊ ရွှေဒူးယား ရှင်ရေးကူညီမှု ပရဟိတ အသင်းဝင်များနှင့်အတူ ဟင်္သာတခရိုင်နှင့်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့ လုပ်အားရှင် များက စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)