စဉ်ကိုင် သြဂုတ် ၅
အလုပ်သမား ၊လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးတင်ဝင်း နှင့် မြိုနယ် ဉီးစီးမှူး ဉီးတင်မောင်ကြည်တို့ကအနီးကပ်ကြီးကြပ်၍သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ် ကတ်ပြား မရှိသေး သူများအား အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်းမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး ယမန်နေ့နံနက် (၁၀)နာရီက ဘယ်လင်း ကျေးရွာအုပ်စု၊တောင်ဦးကျောင်းဓမ္မာရုံတွင်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို စဉ့်ကိုင်မြို့နယ် လူ၀င်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ကြည်နှင့်၀န်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသူရထွန်း နှင့် ရာအိမ်မှူးများ ပူးပေါင်း၍ ဘယ်လင်းကျေးရွာ အုပ်စုတို့မှ ဒေသခံပြည်သူများအား မြန်မာနိုင်ငံသား အက်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဲဆန္ဒရှင် စာရင်းများမှ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား နိုင်ငံသား စီစစ်ရေးကတ်များဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အခမဲ့လာရောက် ကွင်းဆင်း၍ အမှန် တကယ် ကျေးရွာပြည်သူများ လက်၀ယ် အရောက် လာရောက် လုပ်ကိုင်ပေးမှုကြောင့် အသက် (၁၈) နှစ်ပြည့်ပြီး သူတိုင်း ဆန္ဒမဲပေးနိုင်ရေးများစွာ အကျိုးကျေးဇူး ရှိပါကြောင်း တောင်ဦးကျေးရွာမှ ဦးသိန်းအေးက ပြောသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)