လဲချားတွင် ၂၀၂၀-၂၀၂၁ခုဘဏ္ဍရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း( VDP )ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

လဲချား ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်း( VDP )ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီးအမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နန်းစန္ဒာဝင်းမှ  တက်ရောက်လာသော မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များကို မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း( VDP ) တို့နှင့်ပက်သက်၍ ဆောင်ရွက်ရမည့် အကြောင်းအရာနှင့် စည်းကမ်းချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ရွေးချယ်ပေးရာတွင် ကျေးရွာအုပ်စု (၁၉)အုပ်စုမှ  ၂၀၂၀-၂၀၂၁ မြစိမ်းရောင်ကျေးရွာ စီမံ ကိန်း ကျေးရွာ (၂)ရွာအတွက် (၁)ယူနစ်နှင့်ကျေးရွာဖွံဖြိုးရေး စီမံကိန်း( VDP )ကျေးရွာအတွက် (၁၂)ရွာတို့ကို သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသော ကျေးရွာများကို တာဝန်ရှိသူများမှ စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)