အမရပူရမြို့နယ်တွင် အင်ဂျင်ဝိုင်အဟောင်းချက်ရာမှ မီးလောင်မှုဖြစ်

အမရပူရ သြဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စာတိုးကြီးကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီခန့်က မီးလောင်မှုဖြစ်ပွားရာ တပ်မတော်သားများ၊ မြစ်ငယ်မြို့နယ်ရဲစခန်းမှူး ရဲအုပ် လှကြိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်မျိုးထက်နှင့်  မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်တံခွန်တိုင်ရပ်ကွက်နေသူ စည်သူမိုး (၃၉နှစ်)ပိုင်ဆိုင်သော နေအိမ်တွင် အင်ဂျင်ဝိုင်အဟောင်းချက်ရာမှ  မီးလောင်ခြင်းဖြစ်ပြီး  မီးလောင်ကျွမ်းသည့်နေရာသို့  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးထက်ဦးစီး  မီးသတ်တပ်ဖွဲ့င်(၂၅)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင် ၃၀၊  ရေသယ်ယာဉ်လေးစီး၊ မီးငြှိမ်းသတ်ယာဉ်လေးစီးတို့ဖြင့်  မီးငြှိမ်းသတ်ခဲ့ရာ  မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးလောင်မှုနှင့်ပတ်သက်၍ ဥပဒေအရအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။

စိုးသီဟ(အမရ)