မြစ်သား ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ဩဂုတ်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅နာရီက စတင်ထုတ်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားနိုင်ငံ့ဝန်ထမ်းများကိုလစဉ်(၂၁)ရက်မှ (၂၅)ရက်အထိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား နံနက်(၅)နာရီမှ စတင်ထုတ် ပေးမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံ့ဝန်ထမ်းလစာ ထုတ်ပေးသည့်နေ့အထိ နံနက် (၆)နာရီမှစ၍ ထုတ်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် လွယ်ကူအဆင်စွာထုတ်ယူနိုင်ရန်အတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက UID ကတ်များကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများကို မြစ်သားမြို့နယ် မေတ္တာမွန်ပရဟိတအသင်းမှ ကြက်သားဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)