တီးတိန် ဒီဇင်ဘာ ၂၁
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အပြင်သွားပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက် နာရီစင်အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့ယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးဇာဏီဟိန်း၊ တပ်ခွဲမှူး ဒေါ်ကျိန်လော့မန်နှင့် တပ်ဖွဲဝင်တို့က လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး၊ တစ်ခါသုံးနှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်း ဆောင်ရွက်ကာ နှာခေါင်းစည်း (၅၀၀) အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)