ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂)အခြေခံပညာ အထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ချမ်းအေးသာစံ  သြဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ အသိပညာပေး ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကို စဥ်ဆက်မပြက် ကျင်းပပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင် စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး လူငယ်များ၏ ပညာရေးကိုထိခိုက်စေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်