ညောင်ဦး ဩဂုတ် ၂၁
သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအကောင်အထည်ဖော်ခြင်းဆိုင်ရာ နည်းပြသင်တန်း (ToT) ဖွင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းမျိုးတစ်ရာခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ခရိုင်ခရိုင်ပညာရေးမှူး၊ ဦးကျော်ဝင်းက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ဝင်ရောက်ယှဥ်ပြိုင်မည့်ကျောင်းများ၏ အခြေအနေများအား ရှင်းလင်းတင်ပြ ည်။ ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်က သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ အခြေခံစံနှုန်း(၄) ချက်နှင့် အညွှန်းကိန်း(၁၇) ချက်တို့ကို ရှင်းလင်းတင်ပြခြင်း၊ ၂၀၂၃ ခုနှစ်တွင် စတုတ္ထအကြိမ် အာဆီယံ ASEAN Eco-School Award ရရှိခဲ့သည့် ကချင်ပြည်နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့၏ ဆုရဗီဒီယိုကလစ်ကို ပြသသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ကျော့ခိုင်အား အမှိုက်ပုံး(၄)ပုံး နှင့် အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများလက်စွဲစာအုပ်များ ပေးအပ်ခြင်း၊ ခရိုင် ခရိုင်ပညာရေးမှူး၊ ဦးကျော်ဝင်းက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) (ဝါခင်းကြီး)၊ ကျောင်းအုပ် ဆရာကြီး ဦးလှအောင်အား အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ် ဆရာများလက်စွဲစာအုပ်များ ပေးအပ်ခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အခြေခံပညာမူလတန်းလွန်ကျောင်း (အင်ချောင်း)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူသူဝင်းအား အခြေခံ ပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ် ဆရာများလက်စွဲစာအုပ်များ ပေးအပ်ခြင်း၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်တင့်တင့်အောင်က အခြေခံပညာ မူလတန်းလွန်ကျောင်း (စံပြ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိဖြူအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများလက်စွဲစာအုပ်များပေးအပ်ခြင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အကောင် အထည်ဖော်ခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်သည်။
အခမ်းအနားသို့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၃၀ ခန့်တက်ရောက်သည်။
ဆက်လက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဝင်ရောက်ယှဥ်ပြိုင်မည့် ကျောင်းများမှ ဆရာ၊ ဆရာမများအား ဆရာများလက်စွဲစာအုပ်ပါခေါင်းစဥ်များဖြင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုမွန်ဦးက “ဇီဝမျိုးစုံမျိုးကွဲများနှင့် စွမ်းအင်” ခေါင်းစဥ်နှစ်ခုဖြင့် ပို့ချဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းနိုင်က “ရေ၊ လေ နှင့် မြေဆီလွှာ” ခေါင်းစဥ်(၃)ခုဖြင့် ပို့ချဆွေးနွေးခြင်း၊ ဒုတိယဦးစီးမှူး ဦးသော်ဇင်ဝင်းက “သစ်တောသစ်ပင်နှင့် လူသားနှင့်ပတ်ဝန်းကျင်” ခေါင်းစဥ်တို့ဖြင့် ပို့ချဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း