ညောင်ဦးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား UID နှင့် e-Pension ကတ်များ ဆောင်ရွက်ပေး

ညောင်ဦး ဩဂုတ် ၂၁ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌(အငြိမ်းစား) နိုင်ငံ့ဝန်ထမ်းများအား UID ကဒ်များနှင့် Centra–lized e-Pension ကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးလှငြိမ်းနှင့်ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်း (၂၁၉၆) ဦးတို့အား Biometric (UID)ကတ်များနှင့် e-Pension ကတ်များ ပြုလုပ်ပေးနေသည့် မြန်မာ့စီးပွားရေးဘဏ်သို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ နံနက်စာနှင့် နေ့ခင်းစာအာဟာရ ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း