သပိတ်ကျင်း၊ ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသစောင့်ရှောက် မှုခံယူနေသော ကိုဗစ်-၁၉ ရောဂါလူနာ(၆)ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်လာ သဖြင့် ယနေ့နံနက် ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သော လူနာများသည် သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာမှ အမျိုးသား(၃)ဦး နှင့်အမျိုးသမီး(၃)ဦး ပေါင်း(၆)ဦးဖြစ်ပြီး ယခင်ပိုးတွေ့ Contact များမှတဆင့် ကူးစက်ခြင်း နှင့်ကျေးရွာပရဟိတမှ ယာဉ်မောင်းတစ်ဦးပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါလူနာများကို ဆေးရုံမှဆင်းခွင့် ပြုလိုက်သော်လည်း နေအိမ်၌ Home Quarantine (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံမှ ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၅)ဦးအထိဆေးရုံမှ ဆင်းခွင့်ရရှိပြီး ကျန်ရှိနေသော အတည်ပြုလူနာ(၉)ဦးမှာလည်း သပိတ်ကျင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
စိုးနိုင်ဝင်း(ပြန်/ဆက်)