သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၄)ဦးတွေ့ရှိ

သီပေါ ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊      သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်၁၉ပိုးတွေ့ အတည်ပြုလူနာ()ဦး တွေ့ရှိရကြောင်း သီပေါမြို့နယ် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

သီပေါမြို့နယ်မှ ကိုဗစ်၁၉ အတည်ပြုလူနာ()ဦးမှာ အသက်(၆၃)နှစ်၊ အသက်(၂၆)နှစ် နှင့်အသက်(၃၄)နှစ်အရွယ် အမျိုးသား ()ဦး၊ အသက်(၄၅)နှစ်အရွယ် အမျိုးသမီး()ဦးတို့ ဖြစ်ကြပြီး ၎င်းတို့သည် သီပေါမြို့မြန်မာရပ်ကွက်နှင့် အနောက်ရပ်ကွက် များတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အသက်(၆၃)နှစ်အရွယ်ရှိ ကိုဗစ်၁၉ပို့တွေ့ အတည်ပြုလူနာသည် နိုဝင်ဘာလ ၁၆ ရက်နေ့က သီပေါမြို့၌ ဆိုင်ကယ် Accident ဖြစ်သဖြင့် လူနာစောင့်()ဦး လိုက်ပါ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် သွားရောက်ဆေးကုသမှုခံယူခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့တွင်မန္တလေး ကုတင်(၅၀၀)ဆံ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူခဲ့သည်။ ထို့နောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် သီပေါမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပန်းတိမ်တောင်ရပ်ကွက် ရေဟော်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းရှိ Quarantine Center တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိကာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ၎င်းတို့၏ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်များရယူ၍ မူဆယ်မြို့ပြည်သူ့ဆေးရုံ ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာမှ ကိုဗစ်၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။

ယင်းပိုးတွေ့လူနာများအား ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အဆိုပါ Quarantine Center မှ သီပေါမြို့ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ကိုဗစ်၁၉ ပိုးတွေ့အတည်ပြုလူနာ()ဦးစလုံး ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)