ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၉)ဦးထပ်မံဝင်ရောက်

ချင်းရွှေဟော်  ဒီဇင်ဘာ  ၂၁

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ (၁၉)ရက်နေ့က ()ဦးနှင့် ယမန်နေ့၊ ညနေ()နာရီအချိန်က (၁၀)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၉)ဦး ထပ်မံဝင်ရောက် လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၉)ဦးတို့မှာ အမျိုးသား()ဦး၊ အမျိုးသမီး(၁၀)ဦးတို့ဖြစ်ပြီး ၎င်းတို့အား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

၎င်းနေရပ်ပြန်ပြည်သူအားလုံးသည် ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊  ကွမ်းလုံမြို့နယ်မှ ဖြစ်ကြ၍ ၎င်းတို့အား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူ များနှင့် ချိတ်ဆက်ပြီး Quarantine Center သို့ ချင်းရွှေဟော်မြို့၊ သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)