မိတ္ထီလာခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကျင်းပသည့် မိတ္ထီလာခရိုင် အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့်   လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ယနေ့နံနက် ၆ နာရီအချိန်က မိတ္ထီလာမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများအပါအဝင် ပင့်သံဃာတော် ၄၁ ပါးတို့ထံ အရုဏ်ဆွမ်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးဇာနည်အောင်၊ တိုင်းဒေသကြီးသယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ကြီး ထိန်းသိမ်းရေးဝန်ကြီးဦးမျိုးသစ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ ၊ လွှတ်တော် ကိုယ်စားလှယ်များက ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ အခမ်းအနားတွင် နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့ဒု-ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ (မိတ္ထီလာမြို့နယ်)ထံမှ ငါးပါးသီလ တရားတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များကခံယူ ဆောက်တည်ကြသည်။ ၎င်းနောက်  နိုင်ငံတော်ဩဝါဒါ စရိယဆရာတော် ၊   အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိန္ဒာစာရ  ( သာစည်မြို့နယ် ) နှင့် နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဒု-ဥက္ကဋ္ဌဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကောဝိဒ (မိတ္ထီလာမြို့နယ်)တို့ကဩဝါဒါတရားများ မိန့်ကြားသည်။

ဆက်လက်၍ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်ကြီးများ အပါအဝင်ပင့် သံဃာတော်၄၁ပါးတို့ထံသို့ သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဇာနည်အောင် နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များက ဆက်ကပ်လှူဒါန်းကြသည်။၎င်းနောက် နို်ငငံတော်ဩဝါဒါစရိယ ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တလာဘာဝတ ထံမှ ရေစက်ချတရားတော်များကို တက်ရောက်လာကြသူများက နာယူခဲ့ကြောင်းသိရသည်။   

ချမ်းသာ ( ပြန်/ဆက်)