မိုင်းနောင်မြို့ မိုင်းနန်းကျေးရွာ ဓမ္မရတနာဘုန်းတော်ကြီးကျောင်းကို ဆေးလိပ် သောက်သုံးခွင့်မရှိသောနေရာအဖြစ် သတ်မှတ်

မိုင်းနောင် ဒီဇင်ဘာ ၂၁

လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တိုက်နယ် ဆေးရုံတာဝန်ခံ ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ယမန်နေ့ နံနက်()နာရီအချိန်က မိုင်းနန်းကျေးရွာရှိ ဓမ္မရတနာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာအဖြစ် သတ်မှတ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း၊ အများပြည်သူတို့နားလည်သဘောပေါက်စေရန်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးခြင်းမှ ရှောင်ကြဉ်စေရန်၊ ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေးကို ထိခိုက်ခြင်းမှ ကာကွယ်ရန်၊ ကလေးသူငယ်နှင့် အများပြည်သူတို့ ဆေးလိပ်သောက်သုံးခြင်း အလေ့အထများ တားဆီးကာကွယ်ရန်နှင့် မြင့်မားသော လူနေမှု ဘဝကို ရရှိရန်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ခြင်းဖြင့် အများပြည်သူတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဆင့်အတန်း မြင့်မားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဆေးလိပ်သောက်သုံးခွင့်မရှိသော နေရာများ၊ တာဝန်ခံ၏လုပ်ငန်းတာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးခြင်းမှ ရရှိနိုင်သော ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

မြို့နယ်ပြန်/ဆက်