အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး ဒီဇင်ဘာ ၂၁

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၈နာရီခွဲက ညောင်ကွဲရပ်ကွက်၊ ၈လမ်းနှင့် ၉လမ်းကြား၊ ၈၆လမ်း ၌ ပြုလုပ်သည်။

အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ညောင်ကွဲ အုပ်ချုပ်ရေးမှူး ဦးကိုလေး၊ စာရေးဝန်ထမ်း ဦးထွန်းထွန်းဇော်နှင့် ရာအိမ်မှူးများ၊ ရပ်ကွက် ကျန်းမာရေး တာဝန်ခံဆရာမ ဒေါ်ဝင်းဝင်းမော်နှင့် ကျန်းမာရေးဝန်ထမ်းများက စုပေါင်း၍ လမ်းသွားလမ်းလာပြည်သူများနှင့် ရပ်ကွက် အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးကာ နှာခေါင်းစည်း(Mask) အခုရေ(၂၅၀၀)အား အခမဲ့ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

ဇော်လင်းဦး (အောင်စံ)