တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လမ်းညွှန်ချက်နှင့်အညီ ပင်စင်စားဝန်ထမ်းများအားစနစ်တကျထုတ်ပေး

တံတားဦး  ဒီဇင်ဘာ  ၂၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပင်စင်စားဝန်ထမ်းများကို ယနေ့နံနက်()နာရီ အချိန်မှစတင်၍ ပင်စင်လစာများ စနစ်တကျထုတ်ပေးလျက် ရှိကြောင်း သိရသည်

တံတားဦးမြို့နယ်အနေဖြင့် ပင်စင်စားဝန်ထမ်းဦးရေ (၁၃၇၇)ဦး ရှိပါကြောင်း အဆိုပါ ပင်စင်စားဝန်ထမ်းများ ပင်စင်လစာထုတ်ယူရာတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရန် အတွက်  မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အများသူငါရုံးပိတ်ရက်မှအပ ရုံးဖွင့်ချိန်များတွင် နေ့စဉ်ထုတ်ပေး လျက်ရှိပြီ လစဉ်လတိုင်း (၂၁)ရက်မှ လစာထုတ် ရက်မတိုင်မီ တစ်ရက်နေ့ အထိထုတ်ပေးလျက်ရှိပါကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးမောင်မောင်ဆွေ ထံမှသိရသည်

ပင်စင်လစာများထုထတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စနစ်တကျထုတ်ပေးလျက် ရှိပါကြောင်း ဒါ့အပြင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ လာရောက်သည့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေးအသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်

ရဲတင့်(တံတားဦး-ပြန်/ဆက်)