ဇလွန်မြို့တွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဇလွန် ဒီဇင်ဘာ ၂၁

ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ပိုင်စျေးတွင် ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများသည် စျေးများ၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဇလွန်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးတင်ဝင်းနှင့် တာဝန်ရှိသူများက စျေးရောင်းချသူနှင့် စျေးဝယ်သူများအား Mask တပ်ဆင်ခြင်း ရှိ ၊ မရှိ ၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာတွင် စျေးရောင်းချခြင်း ရှိ ၊မရှိ ကို စစ်ဆေးဆောင်ရွက် လျက်ရှိပြီး အသိပညာပေး လုပ်ငန်းများကိုစျေးအတွင်း လှည့်လည်၍ အသိပညာပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းအတွက် Hand Speaker ဖြင့် စျေးသူ/စျေးသားများ လိုက်နာရမည့် အချက်များကိုလည်း လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)