မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများစတင်ထုတ်ပေး

မြစ်သား  ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဒီဇင်ဘာလအတွက် ပင်စင်လစာများကို ယနေ့နံနက်()နာရီခွဲအချိန်မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားတစ်မြို့နယ်လုံးတွင်ပင်စင်စားဦးရေ (၂၃၀၀)ကျော်ရှိပြီး အဆိုပါပင်စင်စားများ ပင်စင်လာရောက် ထုတ်ယူရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် တစ်ရက် လျှင်ပင်စင် စားဦးရေ (၃၀၀)ဦးခန့်သတ်မှတ်၍ ဒီဇင်ဘာလ (၃၀)ရက်နေ့ အထိနေ့စဉ် နံနက်()နာရီခွဲမှ ညနေ ()နာရီခွဲ အထိ(၁၅)ဦးလျှင် တစ်ဖြတ်စီဖြင့် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်တွင် လာရောက် မထုတ် ယူဖြစ်သော ပင်စင်လစာများအနေဖြင့် ရုံးဖွင့်ရက်မည်သည့်ရက်မဆို လာရောက်ထုတ်ယူ နိုင်ကြောင်း မြန်မာ့ စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်ဝင်းဝင်းသန့်ထံမှသိရသည်။

ပင်စင်လစာများထုတ်ပေးရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် ရင်ခွင်မဲ့ ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက်  တစ်ဦးနှင့်တစ်ဦး()ပေ အကွာတွင် နေရာသတ်မှတ်ထားရှိ၍ စောင့်ဆိုင်း စေခြင်း လက်သန့်ဆေးရည်ဖြင့် လက်ဆေး စေခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေ၍ စနစ်တကျ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)

၀၉-၇၈၈၄၃၂၃၇၇