ကန်ကြီးထောင့် ဒီဇင်ဘာ ၂၁
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၉ နာရီက တကုန်းကြီးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ တကုန်းကြီး ပျံကျဈေးမှ ဈေးရောင်း၊ ဈေးဝယ်များနှင့် ဖြတ်သန်းသွားလာနေသော ပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းနှင့် နေအိမ်ပြင်ပ ထွက်သည့်အခါတိုင်း Mask များစနစ်တကျ တပ်ဆင်မှုရှိစေရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်သူတိုင်း မဖြစ်မနေ Mask တပ်ဆင်မှုရှိစေရေး လှည့်လည်စစ်ဆေးခြင်းများကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ အရှိန်အဟုန်မပျက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)