ဟင်္သာတ ဒီဇင်ဘာ ၂၁
ဟင်္သာတမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများနှင့် ဆက်စပ်ခဲ့မှုကြောင့် Stay Home နေကြရသည့် အိမ်ထောင်စုများနှင့် ကိုဗစ်-၁၉ ကာလအတွင်း စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများအား We Love Hinthada အဖွဲ့က ယမန်နေ့က နေ့လည်စာနှင့် ညနေစာ ထမင်းဘူးများကို အိမ်တိုင်ရာရောက် လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းပေးရာတွင် မြ၀တီရပ်ကွက်၊ တာကလေးရပ်ကွက်နှင့် ပျဥ်းမချောင်းရပ်ကွက်များရှိ Stay Home နေသူဦးရေ (၆၂) ဦးအတွက် နေ့လည်စာ ထမင်းဘူးများနှင့် အေးမြသာယာရပ်ကွက်ရှိ စားဝတ်နေရေး အခက်အခဲရှိသူများကို ညနေစာ ထမင်းဘူး (၄၀၀) နှင့် အမျိုးသား/အမျိုးသမီးဝတ် ဘေထုပ်အဝတ်အထည်များကို လက်ဝယ်အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြသည်။
အဆိုပါ We Love Hinthada အဖွဲ့က ကိုဗစ်-၁၉ ကာလအတွင်း Stay Home နေထိုင်ကြရသူများနှင့် စားဝတ်နေရေး ခက်ခဲ၍ အလုပ်အကိုင် အခွင့်အလမ်းရှားပါးသော အိမ်ထောင်စုများအတွက် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုကို မျှဝေလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)