ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၀)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ

ချင်းရွှေဟော်     ဒီဇင်ဘာ    ၂၁

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ   အမျိုးသား (၁၆) ဦး၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၃၀)ဦးအား ချင်းရွှေဟော်မြို့ ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့်  ဝန်ထမ်းများက   ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေး နိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူများသည်  မြန်မာနိုင်ငံအတွင်းရှိ  တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဖြစ်ကြပြီး ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ  Rapid Test Kit စနစ်ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးချက်အဖြေအရ  နေရပ်ပြန်ပြည်သူအားလုံးတွင် ရောဂါ ပိုးမတွေ့ရှိရကြောင်းနှင့် ယခုဓါတ်ခွဲနမူနာ Swab ရယူစစ်ဆေးခြင်းမှာ ဒုတိယအကြိမ် ဖြစ်သည်။

၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များအား ဓါတ်ခွဲစစ်ဆေးနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ   မူဆယ်မြို့   ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့   ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း  သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)