လပွတ္တာ​၌ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေး

လပွတ္တာ  ဒီဇင်ဘာ ၂၁

ဧရာဝတီဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့​ပေါ်ရှိ ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံ ဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ၂ဝ၁၉ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ကုန်ပစ္စည်းများ၌ နိုင်ငံ​ခြားဘာသာ​​ဖြင့်​ ဖော်ပြထား​သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရောင်း ချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လပွတ္တာ​မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍  အမှတ် (၁) ရပ်ကွက်ရှိ ကုန်မျိုးစုံနှင့် မုန့်မျိုးစုံဆိုင်များကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ဝင်းကျော်မြင့် ၊ လပွတ္တာခရိုင် ပြန်/ဆက်