မြစ်သားမြို့နယ်တွင် စားသောက်ကုန်ပစ္စည်း များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

မြစ်သား ဩဂုတ်  ၂၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည်ပင်သာယာဈေး၌ ယမန်နေ့နံနက် (၇)နာရီက စားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ပြည်သူများထံသို့ ရောင်းချပေးခြင်းကို ဆောင်ရွက်ကြောင်း သိရသည်။

ပြည်သူ့သက်သာဈေးရောင်းချခြင်းကို အခြေခံစားသောက်ကုန်ရောင်းချသည့် လုပ်ငန်းရှင်များစု စုပေါင်း ၅၀ ခန့်တို့မှ ပြင်ပပေါက် ဈေးထက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံ ပြည်သူလူထုများ လာရောက်ဝယ်ယူအားပေးနေမှုကို  မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုဝင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေး နှင့်အုပ်ချုပ်ရေး‌ကော်မတီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ   ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)