စဉ့်ကိုင် ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ခုနှစ် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားအဖြစ်(မြို့နယ်အဆင့်) စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က (စဉ့်ကိုင်) ကျောင်း၌ ကျင်းပသည်။
ပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးနှင့် ကျောင်းအုပ်ဆရာ/ဆရာမများ ဦးဆောင်မှုဖြင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၅ဦးတို့က “ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်စိမ်းလန်းစိုပြည်ရေး” ခေါင်းစဉ်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသားကျောင်းသူ ၄၀ တို့က "လူငယ်နှင့်ကျန်းမာရေး" ခေါင်းစဉ်၊ မူလတန်းအဆင့် ကျောင်းသား/သူများက “ကျန်းမာပျော်ရွှင် တို့ကျောင်းတွင်” ခေါင်းစဉ်တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)