မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် သဲကားတိမ်းမှောက်ကာ လူ (၂)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရ

မန္တလေး၊ ဒီဇင်ဘာ ၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက် (405-A) ချော်ဆိပ်ရပ် တွင် ယနေ့ နံနက် ၆နာရီက သဲကားလဲ၍ အိမ်နှင့်လူများ ပိသောကြောင့် လူ (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်း ကိုဝင်းအောင် မောင်းနှင်းလာသော အဖြူရောင် (၆)ဘီး သဲတင်ယာဉ်မှာ ကမ်းနားလမ်း အတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာပြီး မဟာတဝဂူဘုရားတောင်ဘက် မြစ်ဆိပ်ဆင်းလမ်း အရောက်တွင် တောင်မှမြောက် သို့ပြန်လည်မောင်းနှင်ရန် ယာဉ်အား ဘတ်ဆုတ်ရာတွင် ဘရိတ်မမိတော့ပဲ  အနီးရှိ မဇင်မာအေး၏ (၁၀)ပေပတ်လည် ထရံကာ၊ မိုးကာမိုး လမ်းဘေးအိမ်အား တိုက်မိတိမ်းမှောက်ခဲ့ပြီး အတွင်းရှိ မိသားစုဝင်များအား ပိမိကာ အသက် (၇)နှစ် အရွယ်နှင့် အသက် (၃)နှစ်အရွယ် သား(၂)ဦး အခင်းဖြစ်နေရာတွင်ပင် သေဆုံးကာ မဇင်မာအေးနှင့် အသက်(၁၂)နှစ် အရွယ် သားဖြစ်သူတို့ကို မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်ရာနေရာသို့ မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးညွန့်ဝင်းအောင် ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သံလျှက်မှော်အနောက်ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးယာဉ် (၁)စီး၊ ရတနာဘုမ္မိအနောက်ရပ်ကွက် အရန် မီးသတ်တပ်ဖွဲ့မှ ရှာဖွယ်ကယ်ဆယ်ရေးယာဉ် (၁)စီးတို့ဖြင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၇)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦးတို့က ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ 

ထွန်းထွန်းနိုင်