တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case- 104768 နှင့် Case- 104769 ကျန်းမာရေးကောင်းမွန်သဖြင့်ဆေးရုံမှဆင်း

တီးတိန်  ဒီဇင်ဘာ   ၂၁

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ Case -104768 နှင့် Case- 104769 တို့သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့ နံနက် ၁ဝ နာရီတွင် အဆိုပါ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာတို့သည် တီးတိန်မြို့၊ လွယ်ဘွာလ်းရပ်ကွက်နေ အသက် (၆၈)နှစ်အရွယ်နှင့် အသက်(၂၈)နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်ကြပြီး တီးတိန်ပြည်သူ့ဆေးရုံ၌ လတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၄)ဦး ဆေးကုသမှု ခံယူဆဲဖြစ်ကြောင်း တီးတိန်မြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

 ပေါင်ကျင့်မုန်(ပြန်/ဆက်)